အမည်းစက်တွေ မသက်သာချင်ဘူးလား
01-Mar-2017
ကြိုတင်ကာကွယ်ခြင်းက ကုသရခြင်းထက်ပိုပြီး ထိရောက်တယ်ဆိုပါစို့၊ ဘယ်လို ကုသမှုတွေ ပြုရမှာလဲဆိုတာတော့ သိဖို့လိုအပ်လာပါပြီ။ မျက်နှာ ဒါမှမဟုတ် အရေပြားရဲ့ တစ်နေရာရာမှာ အမည်းစက်တွေကို ဖြစ်လာတဲ့အခါ အဲဒါကို သက်သာဖို့အတွက်က ဗီတာမင် E ပါဝင်တဲ့ လိမ်းဆေးပါပဲ။ Antioxidant တစ်မျိုးဖြစ်တဲ့ ဗီတာမင် E ဟာ အရေပြားမှာရှိနေတဲ့ အမည်းစက်တွေကို သက်သာစေတဲ့ အာနိသင်ပါရှိပါတယ်။ လိမ်းဆေးအပြင် အဲဒီ ဓာတ်ပါဝင်တဲ့ အစားအစာတွေကိုပါ စားသုံးပေးနိုင်ရင် ပိုပြီးကောင်းမွန်ပါလိမ့်မယ်။
နောက်တစ်မျိုးကတော့ ရှားစောင်းလက်ပပ်ပင်ပါ။ ရှားစောင်းလက်ပပ်က ယနေ့ခေတ်မှာ အကျော်ကြားဆုံးသော အမည်းစက် ပျောက်စေတဲ့ အရာတစ်ခုပါ။ ဒါ့အပြင် အရေပြားကိုပါ လန်းဆန်းစေပြီး အရွယ်ကို နုပျိုစေနိုင်ပါလိမ့်မယ်။ ရှားစောင်းလက်ပပ်အရွက်အတွင်းက အနှစ်တွေကို အမည်းစက်ဖြစ်နေတဲ့ နေရာတွေမှာ အချိန်မှန် လိမ်းပေးဖို့တော့ လိုအပ်ပါတယ်။ ကြက်သွန်နီ အကြောင်းကိုလည်း ပြောပါရစေဦး၊ အဲဒါကိုလည်း အမည်းစက်တွေပျောက်ကင်းဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ကြက်သွန်နီအရည်ကို ဂွမ်းစလေးနဲ့ စုပ်ယူပြီး အမည်းစက်တွေ နေရာမှာ လိမ်းပေးရမှာပါ။
ပူစပ်တဲ့ အထိအတွေ့ကို ခံစားရတယ်။ အမည်းစက်တွေ လျော့နည်းစေမှာကတော့ အမှန်ပါပဲ။ အမည်းစက်နဲ့ အညိုအစက်အပြောက်တွေ ကုသဖို့အတွက်ဆိုရင် ချန်လှပ် မထားသင့်တဲ့ အရာတစ်ခုကတော့ ရှောက်ရည်နဲ့ ပန်းသီးပါဝင်တဲ့ ဗီနီဂါအရည်တို့ပါပဲ။ အဲဒီနှစ်မျိုးစလုံးမှာ အစွန်းအထင်းတွေကို ကျွတ်စေတဲ့ဓာတ်တွေ ပါရှိနေပါတယ်။ ဒီနှစ်မျိုးက အရေပြားမှာ အသုံးပြုနိုင်သလို၊ သောက်သုံးပေးလို့လည်း ရပါတယ်။ အရေပြားမှာ လိမ်းနေတဲ့ ကာလတွေမှာ ပါးစပ်ကပါ ဖျော်ရည်လိုသောက်ပေးမယ်ဆိုရင် အမည်းစက်တွေ မြန်မြန်သက်သာစေတဲ့ ရလဒ်တွေ ပေးနိုင်ပါလိမ့်မယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇလပ်ဖြူ
Health for all magazine, September 2015, Pg. 64
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
